Thursday, July 29, 2010

အဲဒါ.....................အဲဒါ ညီမလေးရဲ့ ဖေဖေ..ဟုတ်တယ် ဖေဖေငိုနေတာမရဲ့.. ဖေဖေငိုနေတာ.. ညီမလေးဘယ်လိုလုပ်ရမှာလဲ.. အခုချိန်မှာ ညီမလေး ဘာကူညီနိုင်ဦးမှာလဲ... ဘယ်လိုလုပ်မှ ဒီဒုက္ခတွေ ပြီးဆုံးမှာလဲ မရယ်.. ညီမလေးကိုပြောပါအုံး.. အခုဘယ်လိုလုပ်ရမှာလဲ... ကျွန်မ ဘာပြန်ပြောရမှာလဲ..ကျွန်မကိုယ်တိုင်တောင် ဒီနေရာကို ဘယ်လိုရောက်လာမှန်းမသိတာ.. ကျွန်မကရော ဘာကူညီနိုင်အုံးမှာလဲ.. ကျွန်မအခုချိန်မှာ တတ်နိုင်တာဆိုလို့ သူပြောသမျှကို နားထောင်ပေးဖို့ပဲရှိတာပဲ.. ကျွန်မ မငိုပါနဲ့လို့တော့ မတားချင်ဘူး.. ဒါပေမယ့် ကျွန်မ သူ့ကိုမငိုစေချင်ပါ.. မငိုပါနဲ့ ကလေးရယ် .. ကျေးဇူးပြုပြီး မငိုပါနဲ့....

***********************************************************************

ကျွန်မ တစ်ချက်မှေးခနဲ အိပ်ပျော်ရာမှ နိုးလာသည်.. ဘေးနားကြည့်လိုက်တော့ သူမလည်း ကျွန်မဘေးမှာ အိပ်ပျော်နေသည်။ သူမအဖေ ၀ယ်လာဟန်တူသော အဖြူရောင် handbag လေးကို လွယ်ထားရင်း အိပ်ပျော်နေသည်။ ကျွန်မကိုလာရှာရင်း.. ကျွန်မအိပ်နေသည်ကိုမြင်ပြီး..သူပါဘေးနားဝင်အိပ်ပုံရသည်။ ကျွန်မ အသာအယာ သူမဆံမျှင်တွေကို သပ်ပေးလိုက်သည်။ အတူနေလာသော သံယောဇဉ်ကြောင့်ပဲလားမသိ.. ကျွန်မ သူ့ကိုမထိခိုက်စေချင်ပါ။ ဖြစ်နိုင်ရင် ကျွန်မသူ့ကို ပျော်အောင်ထားချင်သည်။ နယ်ကျွံနေသော အတွေးတွေကြောင့် သူမနိုးလာသည်ကိုပင် ကျွန်မ သတိမထားမိ။ ကျွန်မ သတိထားမိလိုက်လို့ ကြည့်လိုက်သောအချိန်မှာ ကျွန်မ မျက်စိရှေ့မှာ အခွံမာသော အသီးတစ်လုံး......

မမ စားကြည့်.. စားကောင်းတယ်.. သူမရဲ့ သေးသွယ်သော လက်ကလေးကိုရမ်းပြီး.. ကျွန်မမျက်စိရှေ့မှာ အသီးကို ဘယ်ညာကစားပြနေသည်။ ကျွန်မ ပြုံးပြီး သူမပေးသော အသီးလေးကို လှမ်းယူလိုက်သည်။ ပြီးတော့ သူမကို လှမ်းကြည့်လိုက်မိသည်။ ကြည့်စမ်း... သူမကျွန်မကို ပြုံးပြနေသည်.... တစ်မျိုးတော့တစ်မျိုးပဲ.. ကျွန်မ တစ်ခုခုမှားယွင်းနေသလိုခံစားလိုက်ရသည်... ချက်ချင်းကျွန်မ ရင်ထဲဟာသွားသည်။ ကလေးမလေးပုံစံက တစ်ခုခုတော့ ဖြစ်နေသည်... ကျွန်မ ပြာသွားသည်.. သူမ ဘာဖြစ်ထားတာပါလိမ့်.....ဒါပေမယ့် သူမ အပြုံးက ဖြူစင်မှု ပကတိ.........

*******************************************************************

ကျွန်မရဲ့ ပူလောင်နေတဲ့စိတ်ကို ခဏထိန်းနိုင်အောင် မျက်လုံးမှိတ်ထားလိုက်သည်။ ကျွန်မအကောင်းဆုံးအခြေအနေကို စဉ်းစားကြည့်သည်.. မမ ဘာဖြစ်လို့လဲ.. သူမ ကျွန်မ လက်ကိုလာဆွဲပြီး တိုးတိုးလေး ပြောရှာသည်... ကျွန်မ မျက်လုံးကို ဖွင့်ကြည့်လိုက်သည်... နောက်မှ အတွေးတစ်ခု လက်ခနဲ ၀င်လာသည်... ကျွန်မ ဟက်ဟက်ပက်ပက် ရယ်လိုက်မိသည်။ သူမကတော့ ကျွန်မကို မျက်လုံးလေးဝိုင်းပြီး ကြောင်ကြည့်နေသည်။ ကြည့်စမ်း... ဒီကလေးမလေးရဲ့ ရှေ့က သွားနှစ်ချောင်းမှ မရှိတော့တာပဲ။ အရင်နေ့တွေက သူမပြောပြောနေလို့တော့ သတိထားလိုက်မိသေးသည်.. ဒါပေမယ့် အမှတ်တမဲ့ပါပဲ... သူမသွားနှစ်ချောင်းနဲ့နေကြောင်းကို... ထို့နောက် ကျွန်မမေးလိုက်သည်... ရှေ့သွားနှစ်ချောင်း ဘယ်ရောက်သွားပြီလဲ.. ဟီး ကြွက်သွားနဲ့ ညီမလေးသွားနဲ့လဲလိုက်ပြီလေ မရဲ့... ဒီနေ့ မနက် သစ်ကြားသီးကို သွားနဲ့ကိုက်လိုက်တာ ကျိုးသွားတယ်.. နာတော့သိပ်မနာဘူး.. ဟီး... သြော်... ဒါနဲ့ စောနက ညီမလေးပေးတဲ့ အသီးရော.. သွားနဲ့တော့မကိုက်နဲ့.. မရေ..တံခါးနဲ့ညှပ်စား.. သိလား..ကျွန်မ သူမခေါင်းလေးကို အသာအယာထုလိုက်မိသည်... သေချာသည်မှာတော့ ကျွန်မတို့နှစ်ယောက် ရယ်မောမိလိုက်ကြသည်..
***********************************************************************
ဆက်ပါအုံးမည်........