Sunday, July 12, 2009

ဖုန်းကလေးသာဆက်လိုက်ပါ

အင်း…….ဘလော့ကတော့ လျှာရှည်ပြီးထောင်ပြီးသွားပြီးပြီ။ ဘလော့ထောင်ပြီးမှပဲ အချိန်ကတမင်သက်သက်ညစ်နေသလား အောက်မေ့ရတယ်။ အချိန်အချိန် ဘယ်တွင်းထဲက နိုက်ရပါ့မလဲနော်။ စာမရေးဖြစ်သေးတာက အခုတလော လုပ်ငန်းတစ်ခုလုပ်ဖို့စဉ်းစားနေလို့ပါ။ အချိန်လုလုပြီး ပို့စ်အသစ်တင်တင်နေရတဲ့ ဘလော့သမားများကို ကြည့်ပြီး အကြံပေါ်လာလို့ အကောင်ထည်ဖော်ဖို့ ဆုံးဖြတ်လိုက်တာပါ။ စိတ်ဝင်စားသူများကိုလည်း ရှယ်ရာဝင်ဖို့ဖိတ်ခေါ်ပါတယ်။ (မှတ်ချက်။ ။ အခုတလော economic crisis ဆိုတော့ ကိုယ့်ဘက်မှာ သေချာတာတစ်ခုခုတော့ ရှိသင့်တာပေါ့ ဟုတ်ဖူးလား……) dividend အနေနဲ့တော့ ၁၄၀% ပေးမယ်လို့ရည်ရွယ်ထားပါတယ်။ နောက်ပိုင်းလုပ်ငန်းတိုးတက်ရင် တိုးတက်သလို တိုးပေးဖို့လည်း ရည်ရွယ်ချက်ရှိပါတယ်။ လက်မလွှတ်သင့်တဲ့ အခွင့်အရေးပါ။ သြော် အရေးကြီးတာပြောဖို့မေ့နေတယ်။ အဓိကလုပ်ငန်းကတော့ connector လို့ခေါ်တဲ့ electronic ပစ္စည်းတစ်ခု တီထွင်မလို့ပါ။ သူ့ရဲ့ အလေးချိန်ကတော့ 14.4 kg ပဲ လေးပါတယ်။ အလျားကတော့ ၃ လက်မ နှင့် အနံကတော့ ၂ လက်မသာရှိတဲ့ memory chip တစ်ခုဖြစ်ပါတယ်။ သူ့မှာ artificial intelligence လို့ခေါ်တဲ့ မှတ်ဥာဏ်အတု ထည့်သွင်းထားမှာ ဖြစ်ပါတယ်။ wireless အဖြစ်အသုံးပြုနိုင်တဲ့အတွက် သွားလေရာနေရာ မှာ အလွယ်တကူယူသွားနိုင်မှာဖြစ်ပါတယ်။ မိုးစိုခံမည့် မိုးကာသားအားလည်း အပေါ်မှ တစ်ထပ်အုပ်ထားမှာ ဖြစ်လို့ နေပူပူ မိုးရွာရွာစိတ်မပူရတော့ဘူးပေါ့။ ဘက္ထရီအတွက်လည်း မပူရအောင် နေ့မှာဆို နေစွမ်းအား၊ ညမှာဆို လျှပ်စီးမီးစွမ်းအားကိုအသုံးပြုပြီး အလုပ်လုပ်နိုင်အောင် စီမံထားပါတယ်။ တကယ်လို့ နေ့အလင်းရောင်၊ လျှပ်စီးမီးရောင်မရှိတဲ့ နေရာမျိုးမှာ ၁၀နာရီကြာ သုံးခံနိုင်မဲ့ storage ပါထည့်သွင်းပေးထားမှာပါ။ ထူးခြားချက်မှာ ထိုပစ္စည်း သည် သူ့အား ပထမဆုံး စသုံးမည့် လူ၏ အလုပ်ကိုပဲလုပ်ပေးမှာ ဖြစ်တယ်။အသုံးများသော ဘာသာစကားကြီး ၁၀၀ကျော်ကို လိုသလို လှည့်၍ သုံးနိုင်မှာ ဖြစ်ပါတယ်။ ပထမဆုံးသော မြန်မာစကားအားလည်း ထည့်သွင်းသုံးနိုင်မည့် စက်ဖြစ်ပါတယ်။ ဈေးနှုန်းကိုတော့ cost management ရဲ့ report တစ်ခုအရ US $ 200 လို့ အကြမ်းဖျင်းလျာထားပါတယ်။ blog member များဆိုလျှင် အထူး discount ပေးမှာဖြစ်ပါတယ်။ စက်ရုံ ကိုတော့ လုပ်အားခ နည်းတဲ့ မလေးရှားမှာ ထောင်ဖို့ စီစဉ်ထားပါတယ်။ မြန်မာလုပ်သားများအားလည်း မလေးရှားနိုင်ငံမှာ wp နှင့် အလုပ်ခေါ်ဖို့ မလေးရှားနိုင်ငံက လူဝင်မှုကြီးကြပ်ရေးက လူကြီးတွေနှင့် စကားပြောဆိုပြီးပါပြီ။ စင်င်္ကာပူနိုင်ငံမှာတော့ representive company အဖြစ်ပဲ တည်ထောင်လုပ်ကိုင်မှာဖြစ်ပါတယ်။ ဒီလုပ်ငန်းမှာ ၁နှစ်စီမံကိန်းဖြစ်ပါတယ်။ ၂၀၁၀ ဒီဇင်ဘာမှာ ISOအသိအမှတ်ပြု လက်မှတ်လျှောက်ပါမယ်။ ISOလက်မှတ်ကျသည်နှင့် ကမ္ဘာတစ်ဝှမ်းအားစတင် ဖြန့်ချီတော့မှာဖြစ်ပါတယ်။ အသေးစိတ် သိချင်လျှင် ဖုန်းနံပါတ် ******** သို့ ၂၄နာရီလုံး စုံစမ်းနိုင်ပါသည်။မြန်မာနိုင်ငံမှ customerများအတွက် လိပ်စာ ဘလာ ဘလာ သို့လူကိုယ်တိုင်သော်လည်းကောင်း ဖုန်းဖြင့်သော်လည်းကောင်း စုံစမ်းနိုင်ပါသည်။
စက်၏ အဓိက ဖန်ရှင်မှာ လူ၏ဦးနှောက်နှင့် ကွန်ပြူတာကို တိုက်ရိုက်ဆက်သွယ်ပေးမှာဖြစ်ပါတယ်။ လူ၏ဦးနှောက်ကစေခိုင်းသည်နှင့်တပြိုင်နက် ကွန်ပြူတာအား အလိုအလျှောက် ပွင့်စေကာ ခေါင်းထဲ၌ ရှိသောစာများအား ကွန်ပျူတာရှေ့ထိုင်စရာမလိုဘဲ မော်နီတာပေါ်မှာ ရိုက်ထုတ်ပေးမှာ ဖြစ်ပါတယ်။ အလုပ်လုပ်ရင်းနဲ့ဖြစ်ဖြစ်။ အိပ်ရင်းနဲ့ဖြစ်ဖြစ် ကိုယ်ရေးချင်တဲ့ အရာတွေကို ကွန်ပြူတာမှာ စာစီပေးမဲ့ စက်ကလေးပါ။ ကဲ စိတ်ဝင်စားပြီဆိုရင် ဖုန်းကလေးသာ ဆက်လိုက်ပါ……………………………………

8 comments:

မမ said...

ငါ့ညီမရေ စိတ်ကူးကတော့ ကောင်းသား။ ဒါပေမဲ့ နင့်အကြောင်းသိတဲ့ ငါကတော့ ရှယ်ယာဝင် ဖို့ မျက်ခုံးခပ်လှူပ်လှူပ်။

ဟန်သစ်ငြိမ် said...

ဟုတ်ပါပြီ... စက်က အမိုက်စားပဲ... မြန်မာလိုရိုက်ပြီးသားကို တခြားဘာသာ အလွယ်တကူပြောင်းပေးတဲ့ ဖန်ရှင်ကော ပါလားဗျ။

:D

Lucifer said...

နည်းပညာရှင်ကြီး ပိုးဟပ်ရေ.. ဘေးထွက်ဆိုးကျိုးကိုရော ထည့်တွက်ထားသေးလား..
ကောင်းတာတွေကတော့များတယ်.. မြင်ရောင်နေတာကတော့ ဘေးထွက်ဆိုးကြိုးက ပိုကြီးမယ်ထင်တယ်... ဟီးးးးးးးးး.......

Lucifer said...

ပြောများပြ လိုက်ရင် .. မမမီးတို့ တော့ လုပ်ပြီလို့ ပြောအုံးမှာ...:P

မိုးခါး said...

ရှယ်ချင်ပါတယ် .. :D:D
စိတ်ကူးထဲကအတိုင်းသာ ကွန်ပျူတာမှာစာစီပေးမယ်ဆိုလို့ကတော့ ဘလော့တွေ လိုက်ဖတ်လို့ကို ကုန်နိုင်မယ်မထင် :P

မောင်ဖားကြီး said...

စိတ်ကူးကတော့ ရှယ်ပဲနော်... ကျွန်တော်တို့လို့ အပျင်းသမားတွေအတွက်တော့ အကိုက်ပဲဗျို့

Anonymous said...

၁ ကီလိုဂရမ် က ၂.၂၀၄၆၂ ပေါင် အလေးချိန် နဲ့ ညီသဗျ။ ပစ္စည်းရဲ့ အလေးချိန်က ၁၄.၄ ကီလိုဂရမ်ဆိုတော့ တော်တော်လေးမယ့်သဘောရှိတယ်။
:)

Soe Naing Aung said...

"ဝန်ခံချက်"
အပေါ်မှာ ပေးခဲ့တဲ့ comment က အပျော်သဘောမျိုး ပေးခဲ့တာပါ။ ဒီ့အတွက် စိတ်အနှောက် အရှက် ဖြစ်ခဲ့မယ် ဆိုရင် တောင်းပန်ပါတယ်။